ငပုတော မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူရကျော်တို့သည် ယမန်နေ့ ညနေ ၃ နာရီအချိန်က ငပုတောမြို့နယ် ပိုးလောင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ လယ်ယာစီမံခန့်ခွဲရေး အထောက်အကူပြုအဖွဲ့များ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။
ထို့သို့ တွေ့ဆုံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်နှံနိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင်လည်း ပူပေါင်းပါဝင်ဆောင်ရွက်ကြစေရေး၊ စာသင်ကျောင်းများနှင့် ရပ်ရွာသန့်ရှင်းသာယာလှပရေး၊ ရိုးပြတ်ကျန်ဧကများ လျော့ချရေး၊ နေကြာမျိုးစေ့ စမ်းသပ်စိုက်ပျိုးနိုင်ရေးနှင့် နွေ၊ မိုး၊ ဆောင်းသီးနှံများကို အပြည့်အဝစိုက်ပျိုးနိုင်ရေအတွက် အလေးထားမှာကြားခဲ့သည်။
ထို့နောက် ပိုးလောင်းကျေးရွာအုပ်စု အခြေခံပညာကျောင်းများရှိ စာသင်ကျောင်းဆောင်များ၊ ရေကျော်ကြီးကျေးရွာအုပ်စု၊ အောင်ဘကျေးရွာရှိ စာသင်ကျောင်းသို့လည်းကောင်း၊ ကုန်းကလေး ကျေးရွာအုပ်စု ကုန်ကလေးကျေးရွာရှိ စာသင်ကျောင်းများသို့ ကြည့်ရှုစစ်ဆေးကာ သောက်သုံးရေကန်များထားရှိမှု၊ ကျောင်းစာသင်ဆောင်များနှင့် စာသင်ခုံများထားရှိမှု အခြေ အနေနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အလေးထား ဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ(ငပုတောပြန်/ဆက်)