မြို့သစ်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မြို့သစ် မေ ၃၀

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်၈နာရီက မြို့မအလယ်တန်းကျောင်းခွဲ မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအရာရှိနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ကြပြီး ယင်းမာ(၉၀)ပင်၊ စိန်ပန်း(၈၀)ပင်၊ တမာ(၄၀)၊ ရေတမာ(၄၀)ပင် စုစုပေါင်းပျိုးပင်(၂၅၀)တို့အား သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

မြို့သစ်မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရန်တို့ကို ရည်ရွယ်၍ နှစ်စဉ်မိုးရာသီရောက်တိုင်း ဌာနဆိုင်ရာများ စုပေါင်း၍ သစ်ပင်စိုက်ပျိုးပွဲများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်

သန်းဝင်းထွန်း(ပြန်/ဆက်)