မော်လမြိုင်ကျွန်း မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိများနိုးကြားစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်အား ယနေ့ နံနက် ၁၀ နာရီအချိန်က ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာ ရွာမ၌ ကျင်းပသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမင်းဇော်၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းမင်းဌေးနှင့် ဝန်ထမ်းများ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ကွမ်းခြံချောင်းကျေးရွာ နေပြည်သူများ စုပေါင်း၍ မန်ဂျန်ရှားပျိုးပင် (၃၀၀)ပင်နှင့် မဟော်ဂနီပျိုးပင် (၃၀၀)ပင် စုစုပေါင်းပျိုးပင် (၆၀၀) အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အဆိုပါမိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ဒေသခံပြည်သူ (၁၅၀) ဦးခန့် တက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)