ကော့ကရိတ် မေ ၃၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားပြီးဖြစ်သော အသက်(၅)နှစ်အထက် အခြေခံပညာမူလတန်း၊အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ရာ ပြည်သူများ၊ ကျောင်းသားမိဘများ/အုပ်ထိန်းသူများအနေဖြင့် ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးကြစို့ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ပြန်ဆက်ဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့က ကော့ကရိတ်မြို့ အမှတ် (၃)ရပ်ကွက် မြို့မစျေးရှေ့တွင်လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် အသက်(၅)နှစ်အထက်အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ ကာကွယ်ဆေးလွှမ်းခြုံမှုအလျင်အမြန်ရရှိစေရန်၊ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကိုတားဆီးရန်၊ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် နှိုးဆော် သည့်အကြောင်းအရာများ၊ ကာကွယ်ဆေးမထိုးနှံပေးရမည့် ကျောင်းသား၊ကျောင်သူများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး၏ နောက်ဆက်တွဲပြဿနာများစသည့် အချက်များပါဝင်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်ဆက်)