ကရသူရိ မေ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူးနှင့်မြို့အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်းပြီး ကျောင်းအတွင်း/အပြင် အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ပေါင်းမြက်များ ခုတ်ထွင်ခြင်း၊ ရေမြောင်းများဖောက်လုပ်ခြင်း၊ စာသင်ခန်းများနှင့် ကျောင်းဝန်းတစ်ခွင်သာယာ လှပရေးကိုဆောင်ရွက်ခဲ့ကြောင်း အဆိုပါဆောင်ရွက်ခြင်းသည်ဇွန်လ(၁)ရက်နေ့တွင် အခြေခံပညာကျောင်းများကိုစတင်ဖွင့်လှစ် သင်ကြားမည့်ဖြစ်ပြီး ကျောင်းသား/ကျောင်း သူများ ရောဂါဖြစ်ပွားမှုမရှိစေရေးနှင့် ကျောင်းဝန်းတစ်ခွင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)