ဘားအံ မေ ၃၀
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပညာရေးဌာန၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “Only One Earth” Kahoot Quiz Game ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “Only One Earth” Kahoot Quiz Game ပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ သယံ ဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးအောင်သူကျော်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးစောအောင်ဘက ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲအားကျင်းပရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထိမ်းအမှတ်နေ့နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာဗဟုသုတများကို Kahoot Quiz Game ဖြင့် ပြိုင်ပွဲပြုလုပ်ခဲ့ရာ ဘားအံမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသား/သူ (၃၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “Only One Earth” Kahoot Quiz Game ပြိုင်ပွဲတွင် အထူးဆုရရှိသူများအား ကရင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဇွန်လ(၅) ရက်နေ့တွင်ပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)