ရေကြည်မြို့နယ်၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရေကြည် မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ပညာရေးမှူးရုံးရှိ နဝရတ်ခန်းမ၌ ယနေ့ နံနက်ပိုင်းက (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပခဲ့ရာ ရှေးဦးစွာ‌ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းကို ဂုဏ်ပြုသီဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းက အခမ်းအနား အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသန်းမော်က ကျောင်းအပ်နှံရေးနေ့ဆိုင်ရာ များကို ရှင်းလင်းတင်ပြခြင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက နိုင်ငံတော်မှ ပံ့ပိုးသည့် ကျောင်းသုံးပုံနှိပ်ပြဌာန်းစာအုပ်များကို လွှဲပြောင်းပေးအပ်ခြင်းနှင့် လက်ခံရယူခြင်း၊ ကျောင်းသုံး ဗလာစာအုပ်များကို လွှဲပြောင်းပေးအပ်ခြင်းနှင့် ကျောင်းသား/ကျောင်းသူများက လက်ခံရယူ ခြင်း၊ အလှူရှင်၊ စေတနာရှင်များက လှူဒါန်းသည့် အလှူငွေ၊ ကျောင်းဝတ်စုံနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် လက်ခံရယူခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းကို ဂုဏ်ပြုသီဆို၍ အခမ်းအနားပြီးစီးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)