မြန်အောင် မေ ၃၀
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်မြို့နယ် သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသ အပူချိန် လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက မျှင်ဝါးတောင်ကျေးရွာအုပ်စုရှိ ပုသိမ်-မုံရွာ ကားလမ်းဘေး မိုင်တိုင် (၇၇) အနီး မျှင်ဝါးတောင်ကြိုးဝိုင်း အကွက်အမှတ်(၅၂) တွင် စုပေါင်းစိုက်ပျိုးခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး အောင်သူရိန်ထွန်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချစ်မောင်၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဌေးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်းအင်အား (၁၀၀)ခန့်က ကျွန်း (၆၀၀)ပင်၊ ပျဉ်းကတိုး (၁၀၀)ပင်၊ မန်ဂျန်ရှား(၄၀၀)ပင်၊ မဟော်ဂနီ (၁၀၀)ပင်၊ ယမနေ (၁၀၀)၊ ပိတောက်(၅၀)၊ စုစုပေါင်း (၁၃၅၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ပိတောက် မဟော်ဂနီ၊ ယမနေ၊ ခရေ၊ ကံ့ကော် ပျိုးပင်ပေါင်း (၉၇၀၀၀၀)ကျော်ကို မြို့နယ်အတွင်းရှိ သစ်တောဘိနယ်စခန်း(၅)ခုနှင့် နိုင်ငံပိုင်သစ်တောစိုက်ခင်းများရှိ ပျိုးဥယျာဉ်များအတွင်း ပျိုးထောင်ထားရှိကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်