ဝက်လက်မြို့နယ်တွင် သဘာဝဘေးအန္တာရာယ်ခံစားရသူ အိမ်ထောင်စုများထံ ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

ဝက်လက် မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းရှိ သရက်ချိုကျေးရွာနှင့် ရွာတော်ကုန်းကျေးရွာများ၌ ၂၀၂၂ခုနှစ် ဧပြီ ၂၈ရက်၊ ဧပြီ ၃၀ရက်နေ့ နှင့် မေ ၃၀ရက်နေ့များတွင် မီးဘေးသင့်အိမ်ထောင်စု(၃)စုနှင့် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိသူ(၁)ဦးထံသို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မေ၂၉ရက်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေဘိုခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ချောစုက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီးနောက် မီးဘေးသင့်အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါပုံး (၁)ပုံးနှုန်းဖြင့်(၃)ပုံး၊ ဆန်ရိက္ခာငွေကျပ် ၂၃၁၀၀ (ကျပ်နှစ်သောင်းသုံးထောင့် တစ်ရာတိတိ)၊ အိမ်ဆောက်ပစ္စည်းအတွက် ငွေကျပ်၅၀၀၀၀၀(ကျပ်ငါးသိန်းတိတိ)၊ အဝတ် Mask (၂၀)ခုနှင့် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိသူတစ်ဦးအတွက် ငွေကျပ် ၅၀၀၀၀(ကျပ်ငါးသောင်းတိတိ)တို့ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြရာ လှထွေကျေးရွာ အုပ်ချုပ်ရေးမှူးက မီးဘေးသင့်အိမ်ထောင်စုဝင်များနှင့် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိသူများ ကိုယ်စားလက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် မီးဘေးသင့်အိမ်ထောင်စုဝင်များနှင့် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိသူများကိုယ်စား လှထွေကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်