မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်/မြို့နယ် ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တက်ရောက်

မကွေး မေ ၂၉

မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အဆင်အားဝန်ကြီးဌာနရှိ ခရိုင်/မြို့နယ် ဦးစီးမှူးများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က အဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ယခုလာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် မဲစာရင်းပြုစုရာတွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) တစ်ခုတည်းကိုသာ အခြေခံစာရင်းအဖြစ် အသုံးပြုခြင်းမပြုလုပ်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသည့် မှတ်ပုံတင်စာရင်း နိုင်-၄ကိုပါ အခြေခံစာရင်းအဖြစ် အသုံးပြုပြီး အပြန်အလှန် စစ်ဆေးနိုင်သည့် နည်းပညာကိုအသုံးပြု၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုသာ မဲစာရင်းပြုစုရန် ရည်ရွယ်၍ နိုင်-၄ မှတ်တမ်းများအား E.IDစနစ်ဖြင့် Excel Format ထည့်သွင်းဆောင်ရွက်ရခြင်းဖြစ်ပြီး ပိုမိုအားထည့်ဆောင်ရွက်စေလိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိမိတို့ဝန်ထမ်းအချင်းချင်း စည်းလုံးရိုင်းပင်းကူညီစွာဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့သည့်နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့် အညီ ဝန်ထမ်းစည်းမျဉ်း/ စည်းကမ်းများအား လိုက်နာရန်လိုအပ်ကြောင်းနှင့် ခရိုင်/မြို့နယ်ဦးစီးမှူးများအနေဖြင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်/မြို့နယ် ဦးစီးမှူးများက ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း ပြုစုရာတွင် စာရင်း မှန်ကန်မှုရှိစေရေးအတွက် မိမိတို့ခရိုင်/မြို့နယ်အလိုက် သက်ဆိုင်ရာဌာနများနှင့်ပူပေါင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း မှတ်တမ်းစာအုပ်(ပုံစံ နိုင်-၄) မှတ်တမ်းများအား Excel Format အသုံးပြု၍စိစစ်ရေးသွင်းခြင်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးမှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)