ချောက်မြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ​တော်ကျင်းပ

ချောက်​မေ၂

မကွေးတိုင်းဒေသကြီးချောက်ခရိုင်၊ ချောက်မြို့နယ်၊ ရေတွင်းကျေးရွာ၊ ကြွေသီးစက်ရုံဝင်းအတွင်း၌ သစ်တောဦးစီးဌာနကဦး​​ဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု​ ကောင်းမွန်မျှတရေး၊ အရိပ်အာဝသနှင့် မျက်စိပသာဒအကျိုးများရရှိ​ရေး၊ ပြည်သူများ သစ်ပင်စိုက်ပျိုးပွဲ​တော်တွင် စိတ်ပါဝင်စား စွာပါဝင်လာစေရေးရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ​တော်ကို ​ယ​မန်နေ့ နံနက် (၈)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင်မြို့နယ်သစ် တောဦးစီးဌာနက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများထံသို့ ပျိုးပင်များ ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ထွန်းဦး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြွေသီးစက်ရုံမှူး​နှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့​ကြသည်။

မိုးရာသီ သစ်ပင်စိုက်ပွဲတော်တွင ကာလဒေသနှင့်ကိုက်ညီသည့် ယူကလစ်(၅၀)ပင်၊ ကုက္ကိုလ် (၃၅)ပင်၊ တမာ(၃၅)ပင်၊ လျှော်ဖြူ(၄၀)ပင်၊ ယင်းမာ(၃၅)ပင်မယ် ဇလီ(၃၅)ပင်၊ စိန်ပန်းကြီး (၃၅)ပင်၊ သစ်ဆိမ့်(၃၅)ပင် စုစု​ပေါင်း အရိပ်ရသစ်ပင် (၃၀၀)ပင်တို့အား စိုက်ပျိုးခဲ့​ကြောင်း သိရ ည်။

ကျော်မိုး(ပြန်/ဆက်)