သာပေါင်းမြို့နယ် ရေယာဉ်စစ်ဆေးရေးဂိတ်တွင် ရေယာဉ်များ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး ကြပ်မတ်စီစစ်စစ်ဆေး

သာပေါင်း မေ ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့ အမှတ်(၂)ရပ်ကွက်၊ ကန္နားလမ်း၊ ရေယာဉ်စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ခရီးသယ်စီးနှင်းရေယာဉ်များနှင့် ကုန်သယ်ယူပို့ဆောင်ရေယာဉ်များအား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး ကြပ်မတ်စီစစ် စစ်ဆေးလျက်ရှိသည်။

ထိုသို့ စစ်ဆေးမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် မြို့နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာများဖြင့် ရေယာဉ်များ လိုင်စင်ရှိမရှိ၊ လိုင်စင်သက်တမ်းကုန်ပါက သက်တမ်းတိုးဆောင်ရွက်ရန်၊ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ ခရီးသွားပြည်သူများ ရေယာဉ်အန္တရာယ်ကင်းရှင်းစေရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားပြီး ကြပ်မတ်စီစစ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်