ပဲခူးတိုင်းဒေသကြီး၊ ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံ‌ရေးနေ့ အခမ်းအနား ကျင်းပ

ပဲခူး  မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် နာရီ က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ..က ()မှ ကျောင်းသား၊ ကျောင်းသူလေးများကကျောင်းအပ်ကြစို့သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ဟူသော နိုင်ငံတော်၏ ပညာရေးဆိုင်ရာ ဆောင်ပုဒ်နှင့်အညီ လူတိုင်းပညာတတ်မှ၊ လူတိုင်းပညာရှိမှ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နိုင်မှာဖြစ်သဖြင့် ကျောင်းနေအရွယ်အားလုံး ကျောင်းသို့ရောက်ရှိရေးအတွက် မေလ(၂၆)ရက်နေ့မှ ဇွန်လ()ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံး တစ်ပြိုင်နက် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ လူတိုင်းပညာတတ်ရေး၊ လူတိုင်းအရွယ် ()ပါးမှ ပထမအရွယ်ဖြစ်သော ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိရန် အဓိကလိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် မည်သည့် ခွဲခြားမှုမျှမရှိဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော သင်ယူမှုအခွင့်အလမ်းမြင့်မားရေးကို ဦးတည်ပြီး အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ကျန်းမာ၍ ဘေးကင်းလုံခြုံသော သင်ယူမှုဝန်းကျင်ကို ဖန်တီးလျက် သင်ယူမှုမဆုံးရှုံးစေရေး၊ မည်သည့်ခွဲခြားမှုမျှ မရှိရေး၊ ကျောင်းထွက်နှုန်း လျော့ကျရေးကို ဦးစားပေးမူဝါဒ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ၌ ကျောင်းစတင် ဖွင့်လှစ်ချိန်မှစ၍ အသက်()နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ မိမိတို့အစိုးရလက်ထက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူအားလုံးကို ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံနှင့်ဘောပင်များကို အခမဲ့ဖြန့်ဝေပေးကြောင်း၊ မိဘများအနေဖြင့် မိမိတို့ရဲ့ရင်သွေး ရတနာများကို တတ်သိလိမ္မာစေရေးအတွက် ဆရာ/မများထံအပ်နှံကာ ပညာရပ်အသီးသီးကို သင်ကြားစေရမှာဖြစ်ပြီး ဆရာ/မများအပိုင်းမှလည်း မိမိတို့တတ်သိသမျှကို မချွင်းမချန်ဘဲ ပညာသာမက စိတ်ဓာတ်၊ စည်းကမ်းကောင်းသည့် နိုင်ငံသားကောင်း၊ သမီးမွန်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်လိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး ဆရာကြီး ဦးစိုးလွင် က ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးပြဌာန်းစာအုပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာ အလှူပစ္စည်းများကို သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးများထံ ပေးအပ်ခဲ့ပြီး ..က()ကျောင်းသား၊ ကျောင်းသူများကမြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)