ဝေါမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်စေရေး  စာသင် ကျောင်းများတွင် ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းကာစုပေါင်း သန့်ရှင်းရေးဆောင်ရွက်

ဝေါ မေ ၂၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်၌ ကျောင်းသား၊ ကျောင်သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်စေရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ကာ ယမန်နေ့ နံနက် ၆ နာရီက ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းကာ ဝေါမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပျဉ်ပုံကြီးတပ်နယ်မှ  အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဌာနအကြီးအကဲများ၊ ဝန်ထမ်းများ၊ ကျောင်းအုပ် ကြီးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများက ဝေါမြို့၊ အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ​ ပေါင်းမြက်များ၊ ခြုံနွယ် များ၊ အမှိုက်များကို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)