သနပ်ပင်မြို့နယ်၌ (၂/၂၀၂၂) အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

သနပ်ပင် မေ ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် (/၂၀၂၂) ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ပွဲ အခမ်းအနားကို  ယမန်နေ့ နံနက် ၉နာရီအချိန်က  မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး   ပဲခူးခရိုင်ကြက်‌ခြေနီသူနာပြုတပ်ဖွဲ့မှ  ခရိုင်တပ်ဖွဲ့မှူး  ဦးဟန်အောင်က  မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အဓိကရည်ရွယ်ချက်မှာ ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်၊  ကျန်းမာရေးကဏ္ဍမြှင့်တင်ရန်၊ ရောဂါဘေးကာကွယ်တာဆီးရေး၊ ဘေးဒုက္ခကျရောက်သောသူများ ကူညီဆောင်ရွက်ပေးရန်၊  မြို့နယ်အတွင်း ရပ်ကွက်‌နေပြည်သူများ၏စိတ်တွင် လူသားချင်းစာနာထောက်ထားသည့် စိတ်ဓာတ်များဖြစ်ပေါ်စေရန်၊ စေတနာ့ဝန်ထမ်းစိတ်ဓာတ်များ ကိန်းအောင်လာစေရေးနှင့် လူမှုဂရုဏာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လာနိုင်ရေး၊ One Home, on first Aider ဆိုသည့်အတိုင်း အိမ်တစ်အိမ်တွင် ရှေးဦးပြုစုခြင်းတတ်မြောက်ထားခြင်းသည် မိမိတစ်ဦးတစ်ယောက်ထဲအတွက်မဟုတ်ဘဲ  မိသားစုအသိုက်အဝန်း၊ မိမိပတ်ဝန်းကျင်ရှိ ပြသူများအား ရောဂါဘေးအန္တရာယ်ကျရောက်လာပါက ကူညီဆောင်ရွက်ပေးနိုင်ကြောင်း စသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ (/၂၀၂၂)ရှေးဦးပြုစုခြင်းသင်တန်းကို သင်တန်းနည်းပြအဖြစ် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှ တိုင်းနည်းပြမှူး ဦးသိန်းအောင်၊  အထောက်အကူပြုဆရာမ ဒေါ်ဇင်မာနွယ်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒေါ်ဝင်းပပမျိုး၊ ဒုတပ်ဖွဲ့မှူး ဦးရှိန်းမောင်မောင်  နည်းပြ(၄)ဦးမှ ဖွင့်လှစ်ပို့ချကာ သင်တန်းကာလမှ မေ ၂၈ရက်နေ့မှ ၃၀ရက်နေ့ထိဖွင့်လှစ်ပြီး ၎င်းသင်တန်းသို့ မြို့ပေါ်ရပ်ကွက်များမှ သင်တန်းသား/သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်းသိရသည်။

လှမိုး(ပြန်/ဆက်)