ကျွန်းလှ မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတု ကောင်းမွန်မျှတစေရန်၊ သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးများ သိရှိစေရန်ရည်ရွယ်၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကို ယနေ့ နံနက် ၇ နာရီခွဲက သီတဂူဗုဒ္ဓ တက္ကသိုလ် (ကျွန်းလှ)၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်စိုးလွင် တို့က တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအား ပျိုးပင်များပေးအပ်ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ကျွန်း (၁၀၀)၊ ပျဉ်းကတိုး (၁၅၀)၊ ပိတောက် (၁၀၀)၊ မာဒံ (၂၀)၊ မန်ဂျန်ရှား (၂၀)၊ မဟော်ဂနီ(၅၀)၊ ကံ့ကော် (၃၀)၊ စိန်ပန်းကြီး (၃၀)၊ စုစုပေါင်းပျိုးပင် (၅၀၀) စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ