ဟိုင်းကြီးကျွန်းမြို့တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုစုပေါင်းဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဟိုင်းကြီးကျွန်း မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေပြီး သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများခံစားရရှိစေရန် ရည်ရွယ်၍ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနဆိုင်ရာများနှင့်ပြည်သူလူထုစုပေါင်းဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်၈ နာရီ အချိန်တွင် ပမ္မဝတီမြို့ပတ်လမ်းဘေးဝဲယာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းမှ စိုက်ပျိုးမည့်သစ်ပင်များအား ဌာနဆိုင်ရာများနှင့် ပြည်သူများအား ပေးအပ်ခဲ့ပြီးနောက် စုပေါင်းစိုက်ပျိုးခဲ့ကြ သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးဗိုလ်မှူးချုပ်တင်မောင်သန်းနှင့် အရာရှိ၊စစ်သည် ၂၇၀ဦး၊မြို့အဆင့်ဌာနဆိုင်ရာ ၃၀ ဦးနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး သမှည့်ပင်စုစုပေါင်း (၅၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လှိုင်မျိုးအောင် (ပြန်/ဆက်)