လဟယ်မြို့တွင် မိုးရာသီနှစ်ရှည်ပင်စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကျင်းပ

လဟယ် မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် လဟယ်မြိုနယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မိုးရာသီ နှစ်ရှည်သစ်ပင်(ထောပတ်)စိုက်ပျိုးပွဲနှင့် နှစ်ရှည်ပင်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန် လဟယ်မြို့ စာရာမေရိ ရိပ်သာ၀န်း၌ ကျင်းပပါသည်။

ဦးစွာ နာဂဒေသ စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းထွန်းတင်မှ နှစ်ရှည်ပင် (ထောပတ်)စိုက်နည်းနှင့်ပတ်သက်၍ ကွင်းသရုပ်ပြရှင်းလင်း ပြီး နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဦးထွန်းထွန်း၀င်းထံ ထောပတ်ပင်များ ပေးအပ်ပါသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ ၀န်ထမ်းများက စာရာမေရိ ရိပ်သာ ပတ်လည်တွင် နှစ်ရှည်သီးနှံပင်ပျိုးပင်(ထောပတ်) အပင်(၁၀၀)ပင်အား စိုက်ပျိုးခဲ့ကြောင်း လဟယ်မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးသိန်းလင်းထံမှ သိရသည်။

လဟယ်(ပြန်/ဆက်)