ညောင်တုန်း မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့်ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ချောင်းကြီးကျေးရွာအုပ်စုရှိ ချောင်းကြီး အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်မျိုးသူ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးငြိမ်းချမ်း- ၅နှင့် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ခလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့်စေတနာ့ဝန်ထမ်းများ စုစုပေါင်းအင်အား (၁၀၀)ခန့်တို့က ကျွန်း(၅၀)ပင်၊ သပြေဘူတ(၁၀)ပင်၊ မန်ဂျန်ရှား (၁၀၀) ပင်၊ မဟော်ဂနီ(၇၀)၊ ယူကလစ်(၃၀)ပင်၊ ခရေ(၂၀)ပင်၊ စိန်ပန်း(၂၀)ပင် စုစုပေါင်းအပင် (၃၀၀)တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)