မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ( Book Club) ၏(၆၃) ကြိမ်‌မြောက် စာဖတ်ဝိုင်းကျင်းပ

မုံရွာ မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာရွှေရည်စိုးက အဖွင့်အမှာစကားပြောကြားပြီး မဲခေါင်စာပေဆုရစာရေးဆရာ နေမင်းသန်းက ၎င်းရေးသားထုတ်ဝေထားသော “ဘဝတွတ်တာအရေးပါ ကဗျာသံပေါက်များ” အကြောင်း သိကောင်းစရာများကို အသေးစိတ်ရှင်းလင်းပြောကြားဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ဝင် စာရေးဆရာမ မဥ္ဇူ(မုံရွာ)၊ စာရေးဆရာမောင်နေညို(ပုလဲ) ၊ စာရေးဆရာ မြတ် သုတ (မြန်မာစာ)နှင့် စာပေချစ်မြတ်နိုးသူတို့က ကဗျာရေးသက်(၅၇)နှစ်ပြည့် အမှတ်တရ အဖြစ်ထုတ်ဝေထားသော “ဘဝတစ်သက်တာအရေးပါ ကဗျာသံပေါက်”များနှင့် စပ်လျဥ်းပြီး စာရေးသူ၏ ဘဝအတွေ့အကြုံများနှင့် လူမှုဘဝယဉ်ကျေးလိမ္မာကောင်းမွန်စွာ သွားလာနေထိုင်ပေါင်းသင်းဆက်ဆံရေးတို့အတွက် ပြုမူကျင့်ကြံဖို့ အလေးထားကာဆောင်ရန်ရှောင်ရန်များ အသိပညာဗဟုသုတများစွာပါဝင်သော စာပေများကိုဖတ်ရှု့ပြီး ဘဝအတွက်အကျိုးရှိရှိ အသုံးချနိုင်ရေး အပြန်အလှန်အသီးသီးကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြပြီးနောက် စာရေးဆရာနေမင်းသန်းက  နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ထို့နောက် မဲခေါင်စာပေဆုရ ‌စာရေးဆရာ နေမင်းသန်း ရေးသားပြုစုသည့်ဘဝတွတ်တာ အရေးပါးကဗျာသံပေါက်များတွင် ကဗျာပုဒ်ရေ (၃၃၃)ပါဝင်သည့် စာအုပ်(၃၀)အုပ်ကို စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ စာရေးဆရာများ၊ စာအုပ်စာစောင်ချစ်မြတ် နိုးသူများအသင်းဝင်များ အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုစာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ အပတ်စဉ် သုတရသစာပေများကို စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ (၆၃) ကြိမ်မြောက်ာဖတ်ဝိုင်းပြုလုပ်နိုင်ခဲ့ကြောင်းနှင့် စာသံပေသံများကိုလည်း စိတ်ပါဝင်စားသူများ လာရောက်ဆွေးနွေးနိုင်ပါကြောင်းနှင့် မိမိတို့ခရိုင်ပြည်သူ့စာကြည့်တိုက်မှာရှိတဲ့ သုတရသ စာအုပ်စာပေများကိုလည်း  အရုပ်အလတ်အမြတ်မရွေးလာရောက်ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း ဖိတ်ခေါ်ပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ပြောကြားသည်။

ခရိုင်(ပြန်/ဆက်)