သရက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု

သရက် မေ ၂၈

မကွေးတိုင်းဒေသကြီးသရက်မြို့၌ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်(၉)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိသည့် အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၆) ရပ်ကွက်များသို့ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီ အဖွဲ့ဝင်များက၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ထားသည့် အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၆)ရပ်ကွက်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ် က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)