အောင်လံမြို့နယ်၌ ၂၀၂၂-ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

အောင်လံ မေ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှုး၍ ၂၀၂၂-ခုနှစ် မိုးရာသီအကြိုကာလတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ ရရှိခံစားရစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက အောင်လံမြို့နယ် တေဇစက္ကီ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ကျင်းပခဲ့သည်။

အဆိုပါမိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးဇော်နိုင်နှင့်ဝန်ထမ်းများ၊ အမျိုးသမီးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျွန်း၊ ပျဉ်းကတိုး၊ တမာ၊ ယူကလစ်၊ ယင်းမာ၊ မြန်မာကုက္ကိုလ်၊ မန်ဂျန်ရှားစသည့် ပျိုးပင်ပေါင်း (၅၅၀)ကို စုပေါင်း က်ပျိုးခဲ့ကြကြောင်းသိရသည်။

မျိုးသိန်း(ပြန်/ဆက်)