ပိုင်ကျုံ မေလ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ် ဝန်ဆောင်မိခင်များတို့အား ကျန်းမာရေးကောင်းမွန် စေရန်နှင့် ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများတို့က ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးရာတွင် မွေးစမှအသက်၂နှစ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ် ဆေး (၉)မျိုးကို ထိုးနှံပေးခြင်းနှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးများကိုလည်း တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် အသက် ၂ နှစ်အာက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို မေ ၂၈ ရက်နေ့တွင် စတင်တိုက်ကျွေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးတိုက်ကျွေးထိုးနှံရန် ကျန်ရှိသူများအား မေ ၂၉ ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နော်ခူး(ပြန်/ဆက်)