ခန္တီးမြို့တွင် မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

ခန္တီး မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၂ ခုနှစ်မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနကဦးဆောင်၍ ယနေ့နံနက်(၉)နာရီအချိန်က နားမေတ္တာရပ်ကွက်၊ တပ်ဦးနန္ဒဝန် ကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ဦးဆွေနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဦးသန်းဇော်ထိုက် တို့ကပျိုးပင်များကိုပေးအပ်ရာ သက်ဆိုရာဌာနများက အသီးသီးလက်ခံရယူခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် နှစ်ရှည်ပင်များဖြစ်သည့် ကျွန်း(၂၅၀)ပင်၊ မန်ဂျန်(၇၀)ပင်၊ မျောက်ငို (၅၀)ပင်၊ မယ်ဇလီ(၅၀)ပင်၊ ခရေ (၃၀)ပင်၊ ကံ့ကော်(၅၀)ပင် ပျိုးပင်စုစုပေါင်း(၅၀၀)ပင်အား ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း စသည့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)