စစ်ကိုင်း မေ၂၈
စစ်ကိုင်းမြို့တွင် ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီက စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားကြီးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သစ်ပင်စိုက်ပျိုးပွဲတော်သို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က အမှာစကားပြောကြားရာ ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်နေရတဲ့ ရာသီဥတုပြောင်းလည်းခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ သစ်တော၊ သစ်ပင်တွေရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍကို ပိုမို အသိအမှတ်ပြုလာကြပြီးတော့ သစ်တော၊ သစ်ပင်ထိန်းသိမ်းစိုက်ပျိုးခြင်းကို ယခုအခါ ဆောင်ရွက် လာကြတာကို တွေ့ရပါတယ် သစ်တောသယံဇာတတွေရဲ့ အကျိုးကျေးဇူးတွေကို ပြည်သူတွေကောင်းစွာနားလည်သဘောပေါက်စေပြီး စနစ်တကျထိန်းသိမ်းကာကွယ်ကာ ရေရှည်တည်တံ့စေသည့် နည်းလမ်းများဖြင့် ထုတ်ယူသုံးစွဲရမှာဖြစ်ပါတယ်။ ပြည်သူအားလုံးပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါလို့ ပြောကြားခဲ့ပြီး ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သစ်ပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားကာ စိုက်ပျိုးရန်အတွက်သစ်ပင်များ ပေးအပ်ခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးရာတွင် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ပိတောက်၊ ကံ့ကော်၊ ခရေ၊ အင်ကြင်း၊ တယ်ပင်နှင့် စိန်ပန်းပင် အမြင့်(၂)ပေနှင့်အထက် စုစုပေါင်း (၄၀၀)ပင်တို့ကို စိုက်ပျိုးပေးခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်