မော်လမြိုင် မေ ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၌ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းက ကြီးမှူးဖွင့်လှစ်သော ရပ်ရွာ အခြေပြု အသက်မွေး၀မ်းကြောင်း အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်ပွဲကို မေ ၂၇ ရက်နေ့ နံနက် ၁၀နာရီအချိန်က ညောင်ပင်ဆိပ်တိုးချဲ့-၂ ရပ်ကွက်၊ သာသနာ့ရောင်ခြည် ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သာသနာ့ရောင်ခြည် ကျောင်းတိုက်ဆရာတော် ဦးသောဘနကာရက ဩဝါဒစကား မြွက်ကြားပြီးနှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်၀င်းကရပ်ရွာအခြေပြု အသက်မွေး၀မ်း ကြောင်း အခြေခံတတ်မြောက်ပြီးသည့် သင်တန်းသူများအား အဆင့်မြင့် စက်ချုပ်သင်တန်း များကို ဆက်လက်ဖွင့်လှစ် သင်ကြားခြင်း ဖြစ်ကြောင်း အိမ်တွင်းမှုကျောင်း မရှိသည့် ဒေသနှင့် အိမ်တွင်းမှု ကျောင်း များသို့သွားရောက်ရန်အခက် အခဲရှိ သောဒေသများသို့ လာရောက် ဖွင့်လှစ်ခြင်းဖြစ်၍များစွာအကျိုးရှိကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါး သည့်ဆင်းရဲနွမ်းပါးသော အမျိုးသမီးတို့၏ ဘဝရပ်တည်နိုင်သောရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ပြီး မြို့ပြ နှင့်ကျေးလက် တစ်ပြေးညီ ဖွံဖြိုးတိုး တက်စေရန်နှင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ဖွင့်လှစ်ခဲ့သည့် သင် တန်း ဖြစ်သော ကြောင့် သင်တန်းသူများ အနေဖြင့်လည်း သင်တန်းမှ ရရှိသည့် အတတ်ပညာများဖြင့် မိမိတို့၏ မိသားစု စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ထိုနောက် ရပ်ရွာအခြေပြု အသက် မွေး၀မ်းကြောင်း အဆင့်မြင့် စက်ချုပ်သင်တန်းသို့ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ပြီး မေလ၂၇ ရက်နေ့မှ ဇွန်၃၀ရက်နေ့အထိ စာတွေ့/ လက်တွေ့ ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်