ကျုံပျော် မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မေလ ၂၈ ရက် နံနက်က ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ ၊ စာသင် ကျောင်းဆောင်သစ် (၂)ဆောင်အား တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နံနက် ၉ နာရီ အချိန်တွင် တောချောင်းအုပ်စု၊ ရှမ်းစုကျေးရွာ အခြေခံပညာမူလတန်း ကျောင်းဆောင်သစ်ဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာကြီး ဦးတင်လှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ကျောင်းဆောင်သစ်အား လှည့်လည် ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ နံနက် ၉ နာရီခွဲအချိန်တွင် ကျုံပျော်မြို့၊အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ သပြေဆောင် နှစ်ထပ် (RC)ကျောင်းဆောင်သစ်ဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး ပညာရေးမှူး ဆရာကြီး ဦးတင်လှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု၍ ကျောင်းပတ်ဝန်းကျင် သာယာလှပရေး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ကိစ္စရပ်များကို ပညာရေးဌာနတာဝန်ရှိသူ များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် စာသင်ကျောင်းဆောင် သစ်များသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ကာ ၁၅.၃.၂၀၂၂ ရက်နေ့တွင် ပြီးစီးခဲ့ပြီး၊ရှမ်းစုကျေးရွာ အ မ က တစ်ထပ် ကျောင်းဆောင်သစ်သည် အလျှား(၁၂၀)ပေ၊ အနံ (၃၀)ပေ ကျယ်ဝန်း၍ စာသင်ခန်း(၄)ခန်းပါဝင်ကာ နိုင်ငံတော်မှ ငွေကျပ် (၈၇.၁၄၂)သန်း ကုန်ကျခဲ့ကြောင်းနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ သပြေဆောင်မှာ အလျှား(၁၀၀)ပေ၊ အနံ(၃၀)ပေ ကျယ်ဝန်းသည့် RC. နှစ်ထပ်ကျောင်းဆောင် ဖြစ်ပြီး အခန်း(၈)ခန်း ပါဝင်ကာ ငွေကျပ်(၁၆၆.၃၂၀) သန်းကုန်ကျခဲ့ကြောင်း၊ ယခုကဲ့သို့ ကျောင်းဖွင့်ချိန်အမှီ စာသင် ကျောင်းဆောင်များ ပြီးစီးဖွင့်လှစ်နိုင်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက ဝမ်းမြောက် လျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)
၀၉၆၆၆၇၃၉၁၅၇