ပြည် မေ ၂၈
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝပတ်ဝန်း ကျင်စိမ်းလန်း စိုပြည်စေရေး၊ သစ်တောပြုန်းတီးမှုများမဖြစ်ပေါ် စေရေးနှင့် ဒေသတွင်းအပူချိန် လျော့ကျလာစေပြီး သစ်တောသစ် ပင်ကာကွယ်ထိန်း သိမ်းရေးတို့အတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ အောင်မြင်ဗာဟု ဘုရားအနီး ကြိုးပြင်ကာကွယ်တော၌ ယနေ့နံနက် ၈ နာရီက မိုးရာသီအကြိုသစ် ပင်စိုက်ပျိုးပွဲကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးပွဲတွင် ဌာနဆိုင်ရာများ၊ မှော်ဇာကျေးရွာနှင့် မှုတ်ရှည်ကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ အောင်မြင်ဗာ ဟုဘုရားဂေါပက အဖွဲ့ဝင်များနှင့် သစ်တောဦးစီး ဌာနမှဝန်ထမ်းများ စုစုပေါင်း အင်အား ၅၀ခန့်ဖြင့် ကျွန်း၊ ပိတောက်၊ မဟော်ဂနီ၊ ခရေနှင့် ဗန်ဒါ စသည့် သစ်ပင် ၂၂၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)