အိမ်မဲမြို့နယ်ကွေ့တန်းအလယ်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

အိမ်မဲ မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝဲကြီးဝကျေးရွာအုပ်စုကွေ့တန်းကျေးရွာတွင် အ..က(ခွဲ) ကွေ့တန်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မင်္ဂလာအချိန်ကျရောက်သည့်အခါ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊မြောင်းမြခရိုင်ပညာရေးမှူး ဆရာကြီး ဦးစသိန်းကျော်၊ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးခိုင်ထွန်းဇော်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးကောင်းမြတ်စံ၊ စီမံအုပ်ချုပ်ရေးအတွင်းရေးမှူးရဲမှူး မောင်မျိုးတို့ကအဆိုပါ ကျောင်းဆောင်သစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ကျောင်းဆောင်သစ်ကဗ္ဗည်း မော်ကွန်းအား တာဝန်ရှိသူများကအမွှေးနံသာရည်များပတ်ဖျန်းပေးခဲ့သည်။

ထို့နောက် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ မြောင်းမြခရိုင်ပညာရေးမှူး ဆရာကြီး ဦးစသိန်းကျော်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်မှကျောင်းကြီးဖွင့်လှစ်ရခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါကျောင်းဆောင်သစ်ကြီးမှာ ၂၀၂၀- ၂၀၂၃ဘဏ္ဍာရေးနှစ်နိုင်ငံတော်မှ ခွင့်ပြုရံပုံငွေ (၈၇.၅၉၆) ကျပ်သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ပြီးကျောင်းမှာ (၁၂၀×၃၀)ပေရှိကာSteel Structure (၁)ထပ်ကျောင်းဆောင်သစ်အား AMN Engineer Co,Ltd မှတာဝန်ယူတည်ဆောက်ပြီး မတ်လ ၃၀ ရက်နေ့တွင်ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)