ရွှေဘို မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မေလ(၂၆)ရက်နေ့ မှစ၍ စတင်ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီမေလ(၂၆)ရက်မှ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်ပြီး လာရောက်အပ်နှံကြသည့် ကျောင်သား၊ ကျောင်းသူများကို အတန်းအလိုက် ကျောင်းသုံး ပုံနှိပ်စာအုပ်(၁)စုံကို အခမဲ့ထောက်ပံ့ပေးအပ်၍ အခကြေးငွေ၊တစ်စုံတစ်ရာကောက်ခံ ခြင်း မရှိကြောင်း သိရသည်။
ဆက်လက်၍ ရွှေဘိုမြို့နယ်အတွင်းရှိအထကကျောင်းများ၊ ကျောင်းအပ်လက်ခံနေမှုအား ၊ရွှေဘိုမြို့နယ်တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးဦးစိုးနိူင်၊မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများက ကျောင်းလာရောက်အပ်နှံနေသည့် မိဘနှင့်ကျောင်းသား/ သူများ အားရင်း နှီးဖော်ရွေစွာ နှုတ်ဆက်အားပေးခဲ့ပြီး၊ ကျောင်းသား လူငယ်များ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်နှင့် စာသင်ခန်းများအတွင်း လိုက်လံကြည့်ရှုခဲ့ပြီးလိုအပ် သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၉၂)ကျောင်း၊ ဘုန်တော်ကြီးသင်ပညာရေးကျောင်းပေါင်း(၁၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်း ဆင့်သင်ကျောင်း(၄)ကျောင်းဖွင့်လှစ် သင်ကြားပေးသွား မည်ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်