နောင်တရား မေ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်မြို့နယ်၊ နောင်တရားမြို့ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ပင်လောင်းမြို့နယ် သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များစုပေါင်း၍ ပျိုးပင်ပေါင်း (၁၅၀၀)ပင်ကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးသည်။
ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ကျေးငှက်တိရိစ္ဆာများပေါများပြီး ရာသီဥတု ကောင်းမွန်စေရန်နှင့် စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ အရိပ်ကောင်းမွန်ပြီး လေကာပင်များအဖြစ်တည် ရှိစေရန် ရွည်ရွယ်ပြီး ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် စန္တားခမ်း ဘက်စုံဖွံ့ဖြိုးရေး ကော်မတီဝင် များ ပူးပေါင်း၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးခြင်းဖြစ်ကြောင်း ပင်လောင်းမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။ သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားတွင် ပင်လောင်းမြို့နယ် သစ်တောဦးစီးဌာန တာဝန်ခံတောအုပ် ဦးကျော်အောင်အောင်က သစ်ပင်စိုက်ပျိုးခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ စန္တာခမ်းဘက်စုံ ဖွံ့ဖြိုးရေးကွင်းကော်မတီ ဦးခွန်ဖိုးစိန်က စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ သစ်ပင်များလာရောက်စိုက်ပျိုးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် သစ်တော ဦးစီးဌာနမှ တာဝန်ခံတောအုပ် ဦးကျော်အောင်အောင်မှ သစ်ပင်ပျိုးပင်များကို စန္တာခမ်းကျောင်းထိုင်ဆရာတော် ဦးဩဘာ သို့လည်းကောင်း၊ ပင်လောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်သို့ လည်းကောင်း ပေးအပ်ခဲ့သည်။
စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ခါတော်မှီ၊ ချယ်ရီဖြူ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ကျောက်ထင်းရှုး၊ ရေမျော၊ နဂါးထင်းရှုးနှင့် အာစီယံသပြေ ပျိုးပင်များ စုစုပေါင်း (၁၅၀၀)ပင်ကို စိုက်ပျိုးခဲ့သည်။ အဆိုပါပျိုပင်များ ရေရှည်ရှင်သန်ကြီးထွားရန်အတွက် ပင်လောင်းမြို့နယ် သစ်တောဦးစီး ဌာနနှင့် ဒေသခံပြည်သူများဖြင့် ပေါင်းရှင်းခြင်း၊ မြေဆွေးထည့်ခြင်းနှင့် နွေရာသီတွင်ရေ လောင်းခြင်းစသည့် သစ်ပင်ကြီးထွားရန်အတွက် ပြုစုပျိုးထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု သစ်တောဦးစီးဌာနမှ သိရသည်။
ခွန်အောင်(နောင်တရား)