ကမမောင်း မေ ၂၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဒေသစိမ်းလမ်းစိုပြေပြီး ရာသီဥတုမျှတစေရန်၊ ဂေဟစနစ်များပြန်လည်ကောင်းမွန်လာစေရန်နှင့် ပြည်သူများကသစ်တောသစ်ပင်များ ချစ်တက်လာစေပြီးပူးပေါင်းဆောင်ရွက်တက်စေရန်ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီအချိန်က ကမမောင်းမြို့၊ မြို့မဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတွင် ကမမောင်းမြို့၊ မြို့စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသန်းကျော်သူနှင့် တာ၀န်ရှိသူများက ပျဉ်းက တိုးပျိုးပင်(၅၀)ပင်၊ ကျွန်းပျိုးပင် (၅၀)ပင်၊ မဟော်ဂနီပျိုးပင်(၅၀)ပင်၊ မန်ဂျန်ရှားပျိုးပင်(၁၀၀)ပင်၊ ပိတောက်ပျိုးပင်(၅၀)ပင်နှင့် စိန်ပန်းပျိုးပင်(၅၀)ပင် စုစုပေါင်းပျိုးပင်(၃၅၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးပွဲသို့ မြို့စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်မြို့အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်းသိရသည်။
တင်တင်လှ(ကမမောင် ပြန်/ဆက်)