လက်ပံတန်း မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တိရစ္ဆာန်မွေးမြူသူများအတွက်တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ချမ်းသာကုန်းကျေးရွာတောင်သူပညာပေးစခန်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးမိုးဝင်းက မြို့နယ်အတွင်းရှိ တိရစ္ဆာန်မွေးမြူသူများအးနေဖြင့် တိရစ္ဆာန်မှလူသို့ ကူးစက်ရောဂါများ၊ စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုများသည့် တိရစ္ဆာန်ကူးဆက်ရောဂါများကို သိရှိနားလည်စေရန်နှင့် ကူးစက်ရောဂါများ ဖြစ်ပွားလာပါက အချိန်မီထိန်းချုပ်နိုင်ရေးအတွက်ဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက တိရစ္ဆာန်ကူးစက်ရောများအကြောင်းနှင့်တိရစ္ဆာန်သုံးကာကွယ်ဆေး၏ အကျိုးအာနိသင်များအကြောင်း ဆွေး နွေးပို့ချရာ သင်တန်းသား(၂၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေ ၂၇ ရက်မှ ၃၀ ရက်နေ့ထိ (၄)ရက်ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)