ဘိုကလေး မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်အဝေးခန်းမတွင် ယနေ့ နံနက်(၉)နာရီ၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပခဲ့သည်။
အဆိုပါ ကော်မတီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး (၃)လလျှင် တစ်ကြိမ် တွေ့ဆုံကာ ကလေး သူငယ်များနှင့်် ပတ်သတ်သည့် ကိစ္စများအား ညှိနှိုင်းတိုင်ပင်ဆွေးနွေးလျက်ရှိကြောင်းနှင့် ယနေ့ တွေ့ဆုံသည့် အစည်းအဝေးတွင် ကျောင်းသား/သူများ ရာနှုန်းပြည့်ကျောင်းအပ်နှံရေး ကိစ္စရပ်များ၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး အကြောင်းအရာများအား တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)