ညောင်တုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းများဆောင်ရွက်

‌ညောင်တုန်း မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က စာပေဖတ်ရှုမှု ပိုမိုမြှင့်မားလာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေ ရန်နှင့် အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာပေများ လာရောက် မငှားရမ်း နိုင်သည့် ဝန်ထမ်းများအတွက် ရည်ရွယ်၍ သုတ၊ ရသစာအုပ်များ စုစုပေါင်း(၅၀)အုပ်ကို မြို့နယ်မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား Mobile Library စနစ်ဖြင့် စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)