မြန်အောင်မြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်

မြန်အောင် မေ ၂၇

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များအား တိုင်းဒေသကြီး ကြက်ခြေနီ တပ်ဖွဲ့မှူးမှ ထပ်ဆင့်ရှင်းလင်းတွေဆုံ ဆွေးနွေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ ခြင်းနှင့် ပတ်သက်သော သဘောထားအမြင် ရှေ့ပြေးစစ်တမ်းများ ကောက်ယူခြင်းကို ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် ကြက်ခြေနီ အသင်းခွဲရုံးနှင့် အောင်ဇေယျခန်းမတို့တွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များအား ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြင့်က ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ရာ ဟင်္သာတခရိုင် မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ် ကြက်ခြေနီအသင်းခွဲတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ ပြည်သူလူထုနှင့်ကြက်ခြေနီ စေတနာ့ဝန်ထမ်းများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်သော သဘောထားအမြင် ဆန်းစစ်ခြင်းရှေ့ပြေးစစ်တမ်း များ ကောက်ယူခြင်းကို မြန်အောင်မြို့ အောင်ဇေယျခန်းမ ကိုဗစ်ဆေးထိုးစုရပ်တွင် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင် ပြန်/ဆက်