ဝါးခယ်မမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ဆက်လက်ထုတ်ပေး

ဝါးခယ်မ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှစ၍  ရုံးချိန်အတွင်း မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရ သည်။

အဆိုပါ ပင်စင်လစာများကို ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ  စနစ်တကျ ထုတ်ပေးလျက်ရှိ‌ကြောင်း သိရသည်။ ဝါးခယ်မမြို့နယ်တွင် ပင်စင်စားဝန်ထမ်း(၂၇၅၇)ဦးရှိပြီး မေလ၂၁ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ နေ့လယ်(၂)နာရီထိ ပင်စင်လစာငွေများ ထုတ်ပေးသွားမည်ဖြစ် သည်။ မေလ ၂၁ ရက်‌နေ့မှ ယနေ့ထိလာရောက်ထုတ်ယူသူ (၁၅၃၅) ဦးခန့်ရှိပြီး ကျန်ရှိသူများအား ဘဏ်လုပ်ငန်း ချိန်အတွင်း၌ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ဝါးခယ်မပြန်/ဆက်)