နတ်မောက် မေ ၂၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က(၁၄)ကျောင်း၊ အ.ထ.က(ခွဲ)(၄၃)ကျောင်း၊ အ.လ.က( ၅၅)ကျောင်း၊ အ.လ.က (ခွဲ)(၃၁)ကျောင်း၊ အ.မ.က( ၃၅)ကျောင်း၊ အ.မ.က( ခွဲ) (၆) ကျောင်း၊ အ.မ.က( မူလွန်)(၂၈) ကျောင်းစုစုပေါင်း(၂၁၂)ကျောင်းတို့အား ယနေ့နံနက်(၉)နာရီ အချိန်က ကျောင်းများဖွင့်လှစ်၍ကျောင်းအပ်နှံ ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါကျောင်းများဖြစ်သည့်နတ် မောက်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် သူငယ်တန်း (KG)တန်းမှ Grade-11အထိ ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိ ဆရာ/မများကလည်း ကျောင်းအပ် စာရင်းများ လက်ခံခဲ့ကြပြီး ဘာသာရပ်အလိုက် ကျောင်းသုံး ဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘော့ပင်များ၊ ခဲတံများကို ကျောင်းအပ်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများအား အခမဲ့ထုတ်ပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း (ပြန်/ဆက်)