အိမ်မဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အိမ်မဲ မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က အိမ်မဲမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၂၃) ဦးရှိကြောင်း နေ့စဉ်ရပ်ကွက်အလိုက် ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာလူမှုရေးအသင်းအဖွဲ့များဖြင့် ပူပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးက ဆောင်ရွက်နေသည့် (နိုင်-၄) မှတ်တမ်းများ Excel Format ဖြင့်ရာနှုန်းပြည့် ပြီးစီးနိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများမှ ပါဝင်ကူညီဆောင်ရွက်ဖို့လိုကြောင်း၊ မေလ ၂၈ ရက်နေ့တွင် တကောကျေးရွာ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း အစရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ အကြောင်းကို ပြောကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများက မိမိတို့ဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ)