ပြင်စလူ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့် အညီမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်(၈)နာရီအချိန်မှ စတင်၍ ကျောင်းအပ်နှံခြင်းများကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြင်စလူမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က အခြေခံပညာ ကျောင်းပေါင်း(၂)ကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ အ-မ-က ကျောင်း (၁)ကျောင်း၊ စုစုပေါင်း(၂)ကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး အ.ထ.ကပြင်စလူတွင် မူလတန်း(၅၉)ဦး၊ အလယ် တန်း(၃၇)၊ အထက်တန်း(၁၃)ဦး စုစုပေါင်း (၁၀၉)ဦး လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံခြင်းများကို မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁) ရက်နေ့အထိ ကျောင်းအပ် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ(၂)ရက်နေ့မှ စတင်၍ အခြေခံပညာ ကျောင်းအားလုံးကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယောဧရာ (မြို့ပြန်/ဆက်)