မအူပင် မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းများကို ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မအူပင်ခရိုင် ပညာရေးမှူး ဒေါက်တာ သန္တာဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းယုမော်တို့က ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသား/ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ခံ ဆရာ/ ဆရာမနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၂၂) ကျောင်းတို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်လက်ခံကို မေလ (၂၆)ရက်မှ ဇွန်လ(၁)ရက်နေ့အထိ လက်ခံလျက်ရှိရာ ယနေ့ နံနက်ပိုင်းအထိ ကျောင်းသား/သူ စုစုပေါင်း (၁၇၉၆၁)ဦး အပ်နှံခဲ့ပြီး လာရောက်အပ်နှံသည့် ကျောင်းသား/သူများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များအား တာဝန်ရှိသူများက အခမဲ့ထောက်ပံပေးခဲ့ကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)