ငပုတောမြို့နယ်၌ ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ငပုတော မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက  ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ လာရောက်အပ်နှံမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ မြို့နယ်ပညာရေးမှူး (ပူးတွဲတာဝန်)  ဦးအေးလွင်နှင့် တာဝန်ရှိသူများသည် ငပုတောမြို့နယ် အ​ခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများသို့ သွားရောက်ကြည့်ရှုခဲ့သည်။

ထို့သို့ သွားရောက်ကြည့်ရှုရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်သူမှ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများအား စာသင်ဆောင်များနှင့် စာသင်ခုံများ သန့်ရှင်းစွာ ထားရှိရေး၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး များကို ဆက်လက်ထိုးနှံပေးနိုင်ရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ အေးချမ်း ပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေး  မှာကြားကာ ကျောင်းလာ​ရောက်အပ်နှံ​ပေးကြသည့် ကျောင်းသားမိဘများ၊ ကျောင်းသား၊  ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။

နိုင်ငံတော်မှ ​ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများအား မေလ ၂၆ ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ် လက်ခံသွားမည်ဖြစ်ပြီး ကျောင်းသို့ လာရောက်အပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများ  နိုင်ငံတော်မှ ကျောင်းဝတ်စုံ၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊  Mask ကျောင်းအသုံးအ​ဆောင် ပစ္စည်းများ အခဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည် ။

အောင်သူ