ကျွန်းစု မေ ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများကို ဇွန်လ(၂)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ယနေ့နံနက်မှစ၍ ကျောင်းအပ်နှံရေးသတင်းပတ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စတင်ကျောင်းအပ်နှံလက်ခံနေပြီဖြစ်ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်တွင် အထက(၁၁)ကျောင်း၊ အထက-ခွဲ(၁၄)ကျောင်း၊ အလက(၁၂)ကျောင်း၊ အလက-ခွဲ(၂၅)ကျောင်း၊ မူလွန်(၂၇)ကျောင်း၊ အမက(၅၇)ကျောင်း၊ အမက-ခွဲ (၂၀)ကျောင်း၊ စုစုပေါင်း(၁၆၅)ကျောင်းရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် KGတန်းမှ (Grade–11) အထိ ကျောင်းသား/ကျောင်းသူ (၁၈၉၄၄)ဦး တက်ရောက်ပညာသင်ကြားခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာထံမှသိရသည်။
ကျောင်းအပ်လက်ခံရာတွင် အခြေခံပညာကျောင်းများ၌ သက်ဆိုင်ရာအတန်းများအလိုက် ဆရာ၊ဆရာမများမှ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို ဇွန်လ(၂)ရက်နေ့ ကျောင်းဖွင့်ချိန်တွင် ကျောင်းသား/သူများအား (အခမဲ့)ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)