ဖျာပုံမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်လယ်ယာကဏ္ဍ စီမံကိန်းသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တာဝန်ပေးအပ်ပွဲကျင်းပ

ဖျာပုံ မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီမှ ၂၀၂၂-၂၀၂၃ ခုနှစ် လယ်ယာမြေစိုက်ပျိုးနိုင်မှု လျာထားချက်ပြည့်မီ အောင် နွေစပါး၊ မိုးစပါး၊ နေကြာစိုက်ပျိုးနိုင်မှု တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် လယ်ယာဏ္ဍ စီမံကိန်းသီးနှံများ တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ခုနှစ် လယ်ယာကဏ္ဍ စီမံကိန်းသီးနှံများ တာဝန်ပေးအပ်ရာတွင် ဖျာပုံ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်က မြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်လယ်ယာ​မြေစိုက် ပျိုးနိုင်မှု လျာထားချက်ပြည့်မီအောင် နွေစပါး၊ မိုးစပါး၊ နေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့က မြို့နယ်အတွင်း လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် လယ်ယာ​မြေစိုက်ပျိုးနိုင်မှု လျာထားချက်ပြည့်မီအောင် နွေစပါး၊ မိုးစပါး၊ နေကြာစိုက်ပျိုးမှု တိုးတက် စိုက်ပျိုးနိုင်ရန်နှင့် ပတ်သက်၍ တောင်သူများ၏ လိုအပ်ချက်များ၊ စိုက်ပျိုးစရိတ် သွင်းအားစု များဆိုင်ရာ အချက်အလက်များ၊ စပါးဖျက်ပိုး၊ ရွှေခရုနှင့် အခြားသော စပါးဖျက်ပိုး အန္တရာယ်ဆိုင်ရာများအား ဆွေးနွေးပြောကြားကြသည်။

ထို့နောက်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီမှ ရပ်ကွက်/ ကျေးရွာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများထံသို့ ၂၀၂၂-၂၀၂၃ ခုနှစ်လယ်ယာကဏ္ဍ စီမံကိန်းသီးနှံများအား စိုက်ပျိုးရာသီအတွင်း​ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)