ဒေးဒရဲ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စည်ကား လျက်ရှိသည်။
ဒေးဒရဲမြို့နယ်တွင် နှစ်စဉ်မေလ နောက်ဆုံးပတ်ကို ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ပြုလုပ်၍ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေး၊ ပညာသင်အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်စသည့် စာရေးကိရိယာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်လက်ခံခြင်းကို မြို့ပေါ်နှင့် ကျေးရွာများရှိ အ.ထ.က(၁၉)ကျောင်း၊ အ.ထ.က (ခွဲ)(၂၇)ကျောင်း၊ အ.လ.က(၂၃)ကျောင်း၊ အ.လ.က(ခွဲ)(၂၀)ကျောင်း၊ မူလွန် (၁၆)ကျောင်း၊ အ.မ.က(၁၁၃)ကျောင်း၊ အ.မ.က(ခွဲ)(၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂)ကျောင်း၊ စုစုပေါင်း(၂၂၁)ကျောင်းတွင် အခမဲ့ကျောင်းအပ်လက်ခံခြင်းများ တစ်ပြိုင် တည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း