ငါးသိုင်းချောင်းမြို့အ-ထ-က ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံ‌ရေးနေ့အခမ်းအနားကျင်းပ

ငါးသိုင်းချောင်း မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အ-ထ-က၊ ငါးသိုင်းချောင်းအပါအဝင် အခြေခံပညာကျောင်းများ၌ ယနေ့ နံနက်ပိုင်းမှ စတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ အ-ထ-က၊ ငါးသိုင်း‌ချောင်းကျောင်းခန်းမ၌ ကျောင်းအပ်နှံရေးနေ့ဖွင့်ပွဲ အခမ်း အနားကျင်းပရာ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကိုကို၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသန်းမော်တို့က အခမ်းအနား အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများသို့ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ (၂၆)ရက်မှ ဇွန်လ (၁)ရက်နေ့အထိ သတ်မှတ်ထားရာ (အခမဲ့) ပညာရေးစနစ်ဖြစ်ပြီး‌ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ပေးဆောင်ရန် မလိုကြောင်း၊ ရေကြည်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း (၂၀၀)ကျော်၌ ယနေ့မှစ၍ ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းအပ်နှံခြင်းများ ကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)