ဘိုကလေးမြို့နယ်တွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ဘိုကလေး မေ ၂၆

ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့ မတ်လ (၂၆)ရက်နေ့မှ စတင်၍ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်အတွင်းရှိ အခြေခံကျောင်းများအားလုံး အနေဖြင့်လည်း ယနေ့ နံနက်မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိပြီး မြို့နယ်တွင်းမှ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်လက်ခံ နေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာများ မှ ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်၌ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ကျောင်းအပ်လက်ခံမှု လုပ်ငန်းများဆောင်ရွက်ရာတွင် ဆရာ/မများနှင့် ပညာရေးဝန်ထမ်းများ အနေဖြင့် မည်သည့် အခကြေးငွေမှ ကောက်ခံခြင်းမရှိကြောင်း၊ ငွေကြေး၊ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်မခံကြောင်းနှင့် အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်း မပြုကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် အ.ထ.က  (၁၆)ကျောင်း၊ အ.ထ.က(ခွဲ) (၁၇)ကျောင်း၊ အ.လ.က (၂၀)ကျောင်း၊ အ.လ.က(ခွဲ) (၅၅)ကျောင်း၊ မူလွန်(၈၈)ကျောင်း၊ အ.မ.က(၂၇၁) ကျောင်း၊ အ.မ.က(ခွဲ) (၂၈)ကျောင်းရှိပြီး အဆိုပါကျောင်းများအားလုံး ကျောင်းအပ်လက်ခံလျက်ရှိ ကြောင်းနှင့် ယခင်စာ သင်နှစ်တွင် ကျောင်းအပ်နှံခြင်းနှင့် ကျောင်းတက်ရောက်ခြင်းမရှိသည့် ကျောင်းသား/သူများ အနေဖြင့် ယခုစာသင်နှစ်အတွက် လာရောက်ကျောင်းအပ်နှံကြကြောင်း လည်း တာဝန်ရှိသူများထံမှ သိရသည်။

မိုးစက်(ဘိုကလေး)