ပုသိမ် မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကျင်းပ ပြုလုပ်သော ဘောလုံးပြိုင်ပွဲမှာ တိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သော ဘောလုံးသမားများ ပေါ်ထွက်လာ စေရေး ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမား များကလည်း အားကစားသမားကောင်း ပီသစွာယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလို ကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် မိမိတို့၏ ခရိုင်၊ မိမိတို့၏ တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်” တိုက်တွန်းမှာကြား၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ စစ်ကြောင်းမှူး ဦးဆောင်၍ ၆ ခရိုင်မှ ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ အားကစားသစ္စာအဓိဋ္ဌာန် ၄ ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ ကြပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲများအား ယခုလ ၂၅ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ ဘောလုံးအသင်း ၆ သင်းက ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ပုသိမ်ခရိုင်အသင်းနှင့် ဟင်္သာတခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပုသိမ်ခရိုင်အသင်းက ဟင်္သာတခရိုင် အသင်းအား ခြောက်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)