ရွှေသောင်ယံ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက်တွင် မေလ(၂၁)ရက် နေ့က တိုက်ခတ်ခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဓနိမိုး၊ ဓနိကာအိမ်တစ်လုံး ပြိုကျပျက်စီး ခဲ့ရာ အသက်(၁၂)နှစ်အရွယ် ကလေးတစ်ဦး ဦးခေါင်းအနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ဆုံးရှုံးနစ်နာသွားသော ၎င်းမိသားစုအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲပိုင်းက အလှူငွေနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြသည်။
ထိုသို့ပေးအပ်ရာတွင် အဆိုပါနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁)သိန်းကျပ်၊ လူဦးရေ(၃)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာထောက်ပံ့ငွေ(၆၃၀၀)ကျပ်၊ အုန်းပင်ပြိုလဲမှု ကြောင့် ထိခိုက်ဒဏ်ရာရသူ (၁)ဦးအတွက် ထောက်ပံ့ငွေ(၅)သောင်းကျပ်၊ စုစုပေါင်း (၁၅၆၃၀၀) ကျပ် တိတိနှင့် အသုံးအဆောင်ပစ္စည်း (၁၇)မျိုးတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမောင်