အင်္ဂပူမြို့နယ်၊ ကျွဲ‌သောင်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ကျေးလက်ကျန်းမာရေးဆေးခန်းတို့ အမိုးလန်ပျက်စီး

အင်္ဂပူ မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျွဲ‌သောင်ကျေးရွာအုပ်စု၊ ကျွဲသောင် ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ရုတ်တရက် လေပြင်းတိုင်ခတ်ပြီး မိုးရွာခြင်းများဖြစ်ပေါ်မှု ကြောင့် လူနေအိမ်များ ပြိုကျခြင်း၊ အမိုးလန်ခြင်းနှင့် ကျေးလက်ကျန်းမာ‌ရေးဆေးခန်း အမိုးလန်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျွဲ‌သောင်ကျေးရွာအုပ်စု၊ ကျွဲ‌သောင်ကျေးရွာတွင် လူနေ အိမ်(၈)လုံး အမိုးလန်ခဲ့ပြီး လူနေအိမ်(၁)လုံး (ဝါးအိမ်) ပြိုကျပျက်စီးခဲ့ကြောင်းနှင့် ကျေးလက် ကျန်းမာရေးဆေးခန်းတို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာသို့ ကွင်းကောက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ကွင်းကောက်နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ သွားရောက်ကူညီ‌ဆောင်ရွက်ခဲ့ပြီး လူနှင့် တိရိစ္ဆာန် ထိခိုက် သေဆုံးမှုမရှိကြောင်း သိရသည်။

မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)